Showing posts with label myanmar android app. Show all posts
Showing posts with label myanmar android app. Show all posts

Saturday, May 30, 2015

2015 ခုနှစ်ထွက် နှစ်တစ်ရာ ပြက္ကဒိန် Myanmar Calendar 100 years APK


အရင်ကနှစ်တစ်ရာပြက္ကဒိန်တစ်ခုထွက်ပါတယ် အဖြစ်အပျက်လေးသတိရမိလို့ မင်္ဂလာဆောင်ဖိတ်စာအော်ဒါလုပ်တုန်းကပေါ့ အဲဒီတုန်းက နှစ်တစ်ရာပြက္ကဒိန်သုံးပြီး ဖိတ်စာထဲထည့်တာ အကြီးကြီးပြသနာတတ်တော့တာပါပဲ တနင်္လာနေ့ အင်္ဂါလွဲသွားရတယ်လို့ အပြင်ကပြက္ကဒိန်နဲ့ ဖုန်းထဲကပြက္ကဒိန်တစ်ရက်ကွာနေတာကိုး အခုထွက်လာတဲ့ app ကတော့ ဒီလိုအပ်ချက်တွေ ပြည့်စုံတဲ့အပြင် အခြားနေ့ထူးနေ့မြတ်တွေကိုလဲ အသွင်တစ်မျိုးနဲ့ဖော်ပြပေးထားပါတယ်။












7:30 PMNo comments

Unicode နဲ့ စာရိုက်သူတွေအတွက် MUA Keyboard APK

zawgyi သုံးတဲ့သူတွေရှိသလို Unicode မှအသုံးပြုတတ်တဲ့သူတွေလဲရှိပါတယ် unicode အသုံးပြုထားတဲ့ website တွေပေါ် comment တွေရေးရင်လဲ ဒီကောင်လေးနဲ့မှအဆင်ပြေမှာပါ 
Unicode အကြောင်းသိချင်ရင်တော့ ဒီမှာ သွားဖတ်လိုက်ပါ။
လိုအပ်သူတွေတော့အောက်မှာယူသွားလိုက်ပါ






6:48 PMNo comments

Root မလိုပဲ font ဒီဇိုင်းပြောင်းနိုင်တဲ့ Emotion Fontstyle APK

 android device အသုံးပြုတွေ root ရှိစရာမလိုပဲ ကြိုက်နှစ်သက်ရာ ဖောင့်စတိုင်လေးတွေရွေးချယ်ပြီး အလွယ်တကူပြောင်းနိုင်တဲ့ app လေးပါခင်ဗျာ
File size - 3.1mb ဖြစ်ပြီး အသစ်ထွက်လေးမို့ version ကတော့ 1.0 ပါပဲ







6:27 PMNo comments

Tuesday, May 26, 2015

သီချင်း၊ ဂျာနယ် နှင့် အထွေထွေဖတ်နိုင်ရန် အသစ်ထွက်လာတဲ့ Myanmar New APK (2.5)


March 25, 2015 ရက်နေ့ကထွက်ရှိလာတဲ့ app ပါ သတင်း၊ ကျန်းမာရေး၊ ဂျာနယ်၊ အလုပ်အကိုင်၊ တို့နှင့်ပတ်သက်သမျှကို တစ်နေရာတည်းမှာ ဖတ်ရှုနိုင်မှာဖြစ်ပြီး ကျော်ကြားသူတို့အကြောင်းနှင့် အလွယ်တကူခရီးသွားလာနိုင်ရန် နိုင်ငံတကာမှတ်တမ်းများကိုလည်း ဖော်ပြပေးမှာဖြစ်ပါတယ်။






3:50 PMNo comments

Saturday, May 23, 2015

အသစ်​ထွက်​ရှိ​သောမြန်​မာသီးချင်​​တွေကို Andoridဖုန်းမှာ အလွယ်​ရယူနိုင်​ရန်






မြန်မာသီချင်းများကို ဒေါင်းယူနိုင်ပြီးဖြစ်တဲ့ ဒီ app မှာ internet အနည်းငယ်ဖွင့်ပြီး သင့်စိတ်ကြိုက် မြန်မာသီချင်းခွေများကို စိတ်ကြိုက်ဒေါင်းယူနိုင်တဲ့ အပြင် အသစ်ထွက်ရှိလာတဲ့ မြန်မာသီချင်း တွေကို ယခု မိုဘိုင်း ဖုန်း Android ကနေ အလွယ်တကူဝင်ရောက်ဒေါင်းယူနိုင်ပါသည်။


10:24 PMNo comments

Call Recorder မြန်မာမှု

Call Recorder ကို မြန်မာမူပြုထားတာလေးပါ


10:04 PM


android 
ဖုန်းဆက်ရာတွင် ကိုယ်ပြောဆိုသောစကားအကုန်
လုံးကို အသံဖမ်းပေးသောsoftwareလေးပါ



10:13 PMNo comments

Thursday, May 21, 2015

ရသစုံအောင် ဖန်တီးထားတဲ့ ShweNaThar Android App (21.5.2015)



 ကိုယ်တိုင်အိပ်ရေးပျက်ခံပြီးဖန်တီးထားတဲ့ application ပါ ခုမှတင်ဖြစ်တာ မပြည့်စုံရင်အောင် သူငယ်ချင်းတို့အတွက် အသုံးဝင်မယ်လို့ ထင်ပါတယ် ရသစုံအောင်လို့ရေးရတာက ဒီ Application မှာ ShweNaThar blog မှ တင်သောနည်းပညာဆိုင်ရာ application များ၊ Myanmarmobileapp မှ application & knowledge များ၊ ကိုချမ်းငြိမ်း၏ မြန်မာစာတမ်းထိုး နိုင်ငံခြားဇာတ်လမ်းတွဲများ၊ သစ်ထူးလွင်မှ နေ့စဉ်သတင်းများ၊ လစဉ် ထွက်သမျှ သီချင်း Mp3 Album Link တို့ကို အသွင်ဒီဇိုင်းတစ်မျိုးနဲ့ ပေါင်းစည်းထားပါတယ် ။
စုစည်းထားတဲ့ link ၅ မျိုးထဲက ShweNaThar နဲ့ Myanmar Subtitle Link ကိုတော့ Menual Update Save Link အဖြစ်ဖန်တီးထားပါတယ် ဆိုလိုတာက facebook လိုမျိုး သတင်းအသစ်ကို အောက်သို့ ဖိဆွဲ၍ update လုပ်ခြင်းအားဖြင့် ဖတ်ရှုနိုင်ပါတယ် ကျန်တဲ့ Link ၃ ခုကိုတော့ internet connection ရှိချိန်မှသာ ကြည့်ရှုနိုင်မှာပါ လေ့လာသူ အဆင့်သာဖြစ်သည့် အတွက် လိုအပ်ချက်များရှိပါက နားလည်ပေးစေလိုပါသည်ခင်ဗျာ။






12:35 AMNo comments

Wednesday, May 20, 2015

Telenor, Ooredoo, MPT တို့ အတွက် ပြီးပြည့်စုံသည့် ၀န်ဆောင်မှုများ ပါဝင်သည့် Star Hash v1.2



 မြန်မာပြည်တွင် Telenor, Ooredoo နှင့် MPT စသော ဆင်းကဒ် များစွာ ပေါ်ပေါက် လာသည့် အချိန်တွင် အသုံးပြု ရခက်ခဲ ရှုပ်ထွေး ရာတွေ အားလုံးကို မြန်မာ ပြည်သူ ပြည်သားများ ကလေး လူကြီး မရွေး လွယ်ကူစွာ အသုံးပြု နိုင်ရန် အထောက် အကူပြုမည့် Application ဖြစ်သည့် StarHash အား VMG Telecoms မှ ပြုလုပ် ပေးထား ပါသည်။

Telenor, Ooredoo, MPT ဘယ်လိုင်း ကိုင်ကိုင် လွယ်ကူစွာ ငွေစစ်ဆေး နိုင်သည် ၊ ငွေဖြည့်နိုင်သည် ၊ ငွေလွှဲပြောင်း ပေးနိုင်သည် ၊ အခြား ဖုန်းအား ငွေဖြည့် ပေးနိုင်သည် ၊ အင်တာနက် plan များ ဝယ်ယူ နိုင်သည် ၊ စံဇာဏီဘို ဗေဒင် ဝန်ဆောင်မှုများ ရယူနိုင်သည် ၊

Ring Tune များ စာရင်းဝင် ဝယ်ယူနိုင်သည် ၊ ထို့အပြင် အခြား ဝန်ဆောင်မှု များစွာအား * တွေ # တွေ နံပါတ် မြောက်များ စွာတွေ နှိပ်စရာ မလိုဘဲ ခလုပ် တစ်ခု နှိပ်ရုံဖြင့် StarHash ဖြင့် လွယ်ကူစွာ အသုံးပြု နိုင်ပါပြီ။

Android OS 2.0 နှင့် အထက် ဖုန်းများမှာ အသုံးပြု နိုင်ပါတယ်။

မူရင်း ရေးသား သူကို Credit ပေးပါတယ်။


 Download


or




12:34 AM1 comment

Tuesday, May 19, 2015

ဆရာ စံဇာဏီ ဘို ရဲ့  Myanmar Zoadic ဗေဒင် apk



ဆရာ စံဇာဏီ ဘို ရဲ့  Myanmar Zoadic apk လေးကိုသုံးကြည့်  ကြရအောင်
 မြန်မာ ဘာသာ ဖြင့်ဖော်ပြထားသော ဗေဒင် application ဖြစ်ပြီး ။ ဗေဒင်ဝါသနာပါသော သူများအတွက်အထူး ကြိုးစား ဖန်တီးထားပါသည်။ application တွင်
ရာသီဖွားဟောစာတမ်းများ
သွေးအုပ်စုများအကြောင်း
ဂဏန်းဗေဒင်၊
ရာသီဖွားအချစ် ဒဿနများ
ရာသီနှင့်အချစ်ဘဝ
အပတ် စဉ်ဟောစာတမ်းများ
အစရှိသဖြင့် စိတ်ဝင်စားဖွယ်ရာ ဗေဒင်များကိုထည့်သွင်းပေးထားပါသည်.
အပတ်စဉ်ဟောစာတမ်း ကို အမြဲတမ်း update ဖြစ်နိုင်အောင် ကြိုးစားပေးထားလို့  ဆွဲချင်သပ ဆိုရင် အောက်မှာ ဒေါင်းလုပ် ယူပေးကြပါ။



10:19 AM1 comment

Tuesday, January 6, 2015

Android ဖုန်းတွေအတွက် ၂၀၁၅ ခုနှစ်အတွက် ရာသီဖွားဟောကိန်းတွေကို ဖတ်ရှုနိုင်မယ့် Myanmar Zodiac 2015 for Android




၂၀၁၅ ခုနှစ်အတွက် ဆရာစံဇာဏီဘို ရေးသားထားတဲ့ ရာသီဖွားဟောကိန်းတွေပါဝင်တဲ့ Myanmar Zodiac 2015 application ထွက်ရှိလာပါပြီ။
ဒီ applicationထဲမှာ ၂၀၁၅ နိဒါန်း ၊ လူမှုရေး၊ အလုပ်အကိုင်၊ပညာရေး၊ကျန်းမာရေး၊ မိသားစုရေး၊ အချစ်ရေးစသည် တို့အပြင် ကံမြင့်စေရန် အဆောင်အယောင်များ၊ ကံကောင်းစေသော နံပါတ်များ၊ အရောင်၊ အဝတ်အစား၊ ရတနာရွေးချယ်မှု အကြောင်းတို့ကိုပါ ထည့်သွင်း ထားတာကို aတွ့ရပါတယ်။
တစ်ပါတ်တစ်ခါ ဖော်ပြပေးမည့် အပတ်စဉ် ဟောစာတမ်းလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံပြင်ပ ရောက်ရှိနေတဲ့ ဆရာစံဇာဏီဘိုရဲ့ပရိတ်သတ်တွေ အလွယ်တကူ ဖတ်ရှူ့နိုင်ဖို့ ရည်ရွယ်ပြီး ထုတ်ဝေထားတယ်လို့ ဆိုပါတယ်။ “Myanmar Zodiac 2015″ Android application ကို ဖန်တီးထားသူကတော့ Developer ကိုငြိမ်းချမ်းကိုကို ဖြစ်ပါတယ်။ Android ဖုန်းတွေအတွက် ၂၀၁၅ ခုနှစ်အတွက် ရာသီဖွားဟောကိန်းတွေကိုဖတ်ရှုနိုင်မယ့် Myanmar Zodiac 2015 for Android ကိုအောက်က link များမှာရယူနိုင်ပါတယ်။




2:01 AMNo comments

Monday, December 22, 2014

ဖုန်း​ဘေမရှိတဲ့ Data SIM Card ကို အင်​တာနက်​ Free အသုံးပြုနိုင်​တဲ့ YOUR FREEDOM.apk



Internet connection ကို Free သုံးလို့ရတဲ့ Your Freedom.apk ​လေးပါ။ ကျ​နော့်​မှာရှိ​နေတာကြာပါပြီ။ မစမ်းဖြစ်​တာကတ​ကြောင်း မအားတာကတ​ကြောင်း ဒီ apk ​လေးရဲ့အ​ကြောင်းကိုမသိခဲ့တာပါ။ ခု​တော့ အကြံကုန်​ ဂဠုန်​ဆားချက်​ဆိုတဲ့အတိုင်း ဖုန်း​ဘေမရှိ​တော့တာနဲ့ ဒီ apk ​လေးစတင်​အသုံးပြုလိုက်​တာ ခုမှ​ကောင်းမှန်​သိ​တော့တယ်​ဗျာ။ တကယ်​ကိုအသုံးဝင်​ပါတယ်​။ ကျ​နော်​ ဒီpost နှင့် ဒီ​apk upload တင်​တာကို Your Freedom သုံးပြီးတင်​ထားတာပါ။ download/upload အကုန်​လုပ်​လို့ရပါတယ်​။ ကျ​နော့်​ SIM Card ထဲမှာ ပိုက်​ဆံတစ်​ပြားမှထည့်​မထားပါဘူး။ 0 kyats ပါ။ Ooredoo data card နဲ့သုံးပါတယ်​။ ယုံတမ်းစကား​ပြောတာလည်းမဟုတ်​ပါဘူး။ ကျ​နော်​တို့သူငယ်​ချင်းတ​တွေက​တော့ free သုံး​နေကြပါပြီ။ ခုဒီ post ကိုဖတ်​ပြီး သုံးလို့အဆင်​​ပြေသွားတဲ့သူ​တွေက​တော့ယုံကြမှာပါ။ သုံးလို့အဆင်​မ​ပြေ​သေးတဲ့သူများက​တော့ ဆက်​ပြီးကြိုးစားကြည့်​ကြပါ။ ဒီ Apk ကို​ရေးထားတဲ့ဆရာကြီးကို ဂုဏ်​ယူပြီး​ကျေးဇူးတင်​ပါတယ်​။ ပြီး​တော့ ကျ​နော့်​သူငယ်​ချင်း ya kout ကိုလဲ​ကျေးဇူးတင်​ပါတယ်​။ သူ့​ကြောင့်​ ဒီ post ကို ​ရေးပြီး အားလုံးကို ပြန်​လည်​မျှ​ဝေ​ပေးဖြစ်​သွားတာပါ။ သိပြီးသားသူများက​တော့​ကျော်​သွားပါ။ မသိ​သေးတဲ့သူများ​က​တော့ ဒီpost ကို ​​သေချာဖတ်​ပြီး လုပ်​ကြည့်​ကြပါ။ အသုံးပြုနည်းများကို ​အောက်​မှာပုံနှင့်​တကွ ရှင်းပြ​ပေးထားပါတယ်​။ Apk ကိုလည်း download လုပ်​ယူနိုင်​ပါတယ်​။

အသုံးပြုနည်း >>>>>
>> Apk ကို Download ယူပြီး Install လုပ်​လိုက်​ပါ။ ပြီးရင်​ ဖွင့်​လိုက်​ပါ။ ​ငွေလုံးဝမရှိတဲ့ data card မှ internet ကိုဖွင့်ထားပါ။ အောက်​မှာပြထားတဲ့ပုံအတိုင်း​ပေါ်လာရင်​ configure ကိုနှိပ်​လိုက်​ပါ။ 
>> ပြီးရင်​ General settings >>> language,( system default ) ​နေရာမှာ Burmese လို့သတ်​မှတ်​​ပေးလိုက်​ပါ။ 
>> ပြီးရင်​ apkကို back key နဲ့အားလုံးပြန်​ထွက်​ပြီး ပြန်​ဝင်​လိုက်​ပါ။ ​အောက်​ကပုံအတိုင်း မြန်​မာ language နဲ့မြင်​​တွေ့ရမှာဖြစ်​ပါတယ်​။ (ပြင်​ဆင်​မှုပြုလုပ်​ရန်​) ကိုနှိပ်​ပါ။ 
>> (ဖရီးဒမ်းအ​ကြောင်း) သို့ဝင်​ပါ။ 
>> တက်​လာတဲ့ list ကိုအ​ပေါ်သို့တွန်းလိုက်​ပါ။ >>> (မသိပါကတဆင့်​ချင်းဆီလုပ်​ရန်​) ကိုနှိပ်​ပါ။
>> (ကြိုဆိုပါတယ်​) လို့ပြလာရင်​ အ​ပေါ်က မြှား​လေးကိုနှိပ်​ပြီး ​ရှေ့ကိုပြထားသည့်​မြှားကုန်​တဲ့အထိဆက်​သွားပါ။ 
>> (ဖရီဒမ်းဆာဗာများရှာ​ဖွေခြင်း) များအလုပ်​လုပ်​​နေပါလိမ့်​မယ်​။ ​စောင့်​​ပေးပါ။ 
>> (ရှာ​တွေ့​သောဖရီးဒမ်​ဆာများ) တက်​လာတဲ့အထဲမှ လိုင်းအ​ကောင်းဆုံး ကို​ရွေး​ပေးပြီး အ​ပေါ်ကမြှား​လေးနဲ့ဆက်​သွားပါ။ 

 
>> (ဂုဏ်​ယူပါသည်​) လို့​ပေါ်လာခဲ့ရင်​ အမှန်​ခြစ်​​လေးကိုနှိပ်​လိုက်​ပြီး home key နဲ့ထွက်​လိုက်​ပါ။ 

>> noti bar ​ပေါ်မှာတက်​​နေတဲ့ ပိတ်​​နေတဲ့တံခါး​လေးကိုဆွဲချပြီး ဖွင့်​လိုက်​ပါ။>>> ပြီးရင်​ (စတင်​ဆက်​သွယ်​ရန်​) ကိုနှိပ်​ပြီး​စောင့်​​နေပါ။ 
>> noti bar ​ပေါ်မှာ ​​အောက်​မှာပြထားသည့်​အတိုင်း သော့ပုံ​လေးတက်​လာပြီး တံခါး​လေးပွင့်​သွားရင်​ အင်​တာနက်​ကို စတင်​အသုံးပြုနိုင်​ပါပြီ...
မှတ်​ချက်​။ ။ ကျ​နော်​တခုစိတ်​ပူမိလို့ပါ.... ကျ​နော့်​အ​တွေး​ပေါ့..... ဟုတ်​ချင်​မှလဲဟုတ်​မှာပါ။ ဒီ apk ကိုအသုံးပြုတာဟာ internet location ကတခြားနိုင်​ငံ​တွေမှာ​ရောက်​သွားတဲ့အတွက်​​ကြောင့်​ Facebook အသုံးပြုတဲ့အခါမှာ Facebook lock ကျသွားခဲ့မယ်ဆို​ရင်​ ကျ​နော်​ကိုအပြစ်​မတင်​ပါကြပါနဲ့။ Facebook account ​တွေဟာ VPN ​ကျော်​လိုက်​ရင်​ lock ကျတက်​ပါတယ်​...

10:39 PMNo comments

Sunday, December 21, 2014

ရသစုံအောင် ဖန်တီးထားတဲ့ ShweNaThar Android App


ကိုယ်တိုင် အိပ်ရေးပျက်ခံပြီးဖန်တီးထားတဲ့ application ပါ မပြည့်စုံရင်အောင် သူငယ်ချင်းတို့အတွက် အသုံးဝင်မယ်လို့ထင်ပါတယ် ရသစုံအောင်လို့ရေးရတာက ဒီ Application မှာ ShweNaThar blog မှ တင်သောနည်းပညာဆိုင်ရာ application များ၊ Myanmar Mobile app မှ application များ၊ ကိုချမ်းငြိမ်း၏ မြန်မာစာတမ်းထိုး နိုင်ငံခြားဇာတ်လမ်းတွဲများ၊ သစ်ထူးလွင်မှ နေ့စဉ်သတင်းများ၊ လစဉ် ထွက်သမျှ သီချင်း Mp3 Album Link တို့ကို အသွင်ဒီဇိုင်းတစ်မျိုးနဲ့ ပေါင်းစည်းထားပါတယ် ။

စုစည်းထားတဲ့ link ၅ မျိုးထဲက ShweNaThar နဲ့ Myanmar Subtitle Link ကိုတော့ Menual Update Save Link အဖြစ်ဖန်တီးထားပါတယ် ဆိုလိုတာက facebook လိုမျိုး သတင်းအသစ်ကို အောက်သို့ ဖိဆွဲ၍ update လုပ်ခြင်းအားဖြင့် ဖတ်ရှုနိုင်ပါတယ်  ကျန်တဲ့ Link ၃ ခုကိုတော့ internet connection ရှိချိန်မှသာ ကြည့်ရှုနိုင်မှာပါ လေ့လာသူအဆင့်သာဖြစ်သည့်အတွက် လိုအပ်ချက်များရှိပါက နားလည်ပေးစေလိုပါသည်ခင်ဗျာ။

File Size က 6.12 ပါ





3:41 PMNo comments