Tuesday, September 16, 2014

အားသွင်းရန် မလိုသည့် Viro Smartphone

Posted on 11:58 PM in ,

Viro Smartphone သည် အားသွင်းရန် မလိုအပ်ဟု Company က အရိပ်အမြွက်ပြောကြားလိုက်ပြီး အောက်တိုဘာလ တစ်ရက်နေ့တွင် သတင်းအချက်အလက်အသေးစိတ်များကို ကြေညာမည် ဖြစ်သည်။
တည်ထောင်ခါစ ကုမ္ပဏီငယ်လေး တစ်ခုဖြစ်သော Viro က သူတို့၏ စမတ်ဖုန်းသည် အလိုအလျှောက် ပြန်လည် အားဖြည့်တင်းနိုင်သော စွမ်းအင် အရင်းအမြစ် သုံးခုကို အသုံးပြုထားသည်ဟု သူ၏ Facebook Page တွင် ရေးသားထားပါသည်။ Display မှ နေရောင်ခြည် စွမ်းအင်ကို စုပ်ယူပြီး လျှပ်စစ်စွမ်းအင် အဖြစ်ပြောင်းလဲပေးနိုင်သော နည်းပညာ၊ လှုပ်ရှားမှုဖြင့် အီလက်ထရောနစ် ကိရိယာများကို အားသွင်းပေးနိုင်သော နည်းပညာများကို တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။ Viro ၏ နည်းပညာမှာ ကွဲပြားခြားနားသည်ဟု သိရပါသည်။
Viro စမတ်ဖုန်းသည် အားသွင်း အပေါက်များ မလိုအပ်သည့်အတွက် ရေစိုခံမည် ဖြစ်သည်။ Viro က Qualcomm Snapdragon 810 Processor, တစ်လက်မလျှင် Pixel သိပ်သည်းဆ ၄၂၄ ရှိသည့် ၅.၂၁ လက်မ IPS Display နှင့် မျက်နှာပြင်ကို ကာကွယ်ထားသည့် Gorilla Glass 3 တို့ပါရှိမည်ဟု ပြောပါသည်။
Viro က Memory ကို အသုံးပြုပြီး စွမ်းအင် ချွေတာသည့် နည်းပညာတစ်ခုကို ရှင်းပြပါသည်။ “ စွမ်းအင် ချွေတာဖို့အတွက် ရုပ်သေတစ်ခုကို မျက်နှာပြင်မှာ ပြသနေတဲ့ အချိန်မှာ GPU နဲ့ Chip ရဲ့ တစ်စိတ်တစ်ပိုင်းကို အနားပေးထားနိုင်တဲ့ GRAM ကို အသုံးပြုထားပါတယ်။ အဲဒီအတွက် စွမ်းအင်ကို ၂၆ ရာခိုင်နှုန်း သက်သာစေပါတယ်။ ဒါ့အပြင် ဘက်ထရီ ၄၀ ရာခိုင်နှုန်း သက်သာစေဖို့ QHD Display ကို အသုံးမပြုပါဘူး။ “ လို့ Viro ကပြောပါတယ်။
Viro Smartphone တွင် Android မောင်းနှင်မည်ဖြစ်ပြီး စွမ်းအင်ကို ပိုမိုချွေတာပေးနိုင်သော Android L ကို အသုံးပြုနိုင်ပါသည်။ အနောက်ဘက်တွင် Sony ၏ 20.7 Megapixel Camera နှင့် မျက်နှာချင်းဆိုင်တွင် 8 Megapixel Camera တပ်ဆင်ထားမည် ဖြစ်သည်။

0 comments:

Post a Comment

မင်္ဂလာပါ သူငယ်ချင်းတို့ပြောချင်သောအရာများရှိရင် မှတ်ချက်လေးရေးခဲ့ပေးပါ