Monday, January 19, 2015

The Interview ( မြန်မာစာတန်းထိုး)

Posted on 1:51 PM in


အခုလက်ရှိ လူပြောအများဆုံး ဇာတ်ကားဖြစ်သလို IMDb မှာ Ratings: 9.4 အထိရထားတဲ့ ကားမို့ မကြည့်လိုက်ရ မရှိအောင်ကြည့်ထားကြဗျို့.. ဆိုနီရုပ်ရှင်က အငြင်းပွားဖွယ် The Interview ဟာသကားကို ခရစ္စမတ်နေ့မှာ ရုပ်ရှင်ရုံပေါင်း ၂၀၀ မှာ ရုံတင်ပြသမယ်လို့ ကြေညာခဲ့ပြီး နောက် တနေ့မှာပဲ ဇာတ်ကားကို စတင် ဖြန့်ဖြူးလိုက်တာပါ ဒီရုပ်ရှင်ကိုပြရင် အကြမ်းဖက်မှု ရှိနိုင်တယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေတာမို့ အမေရိကန် ရုပ်ရှင်ရုံလုပ်ငန်းရှင် အများအပြားက ပြသဖို့ ငြင်းပယ်ခဲ့တာကြောင့် ဒီကားကို မပြဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ဆိုနီက ရုပ်သိမ်းခဲ့ရတာပါ။ ရုပ်ရှင်ထဲမှာ အမေရိကန် ထောက်လှမ်းရေးက အသစ်ခန့်ထားခဲ့တဲ့ သတင်းထောက် ၂ ယောက်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကို လုပ်ကြံတဲ့ ဟာသကားပါ မြောက်ကိုရီးယားက ဒီရုပ်ရှင်အတွက် ဝေဖန်ရှုတ်ချခဲ့သလို ဆိုနီရုပ်ရှင်ကုမ္ပဏီရဲ့ ကွန်ပြူတာတွေလည်း ဒီလအစောပိုင်းမှာပဲ ဖောက်ထွင်းတာခံခဲ့ရပြီး အဖိုးတန် သတင်းအချက်အလက်တွေနဲ့အတူ လျှို့ဝှက်အချက်အလက်တွေပါ ခိုးယူတာခံခဲ့ရပါသေးတယ်.. ဒီလောက်သတင်းကြီးနေတဲ့ ရုပ်ရှင်ကို မကြည့်လိုက်ရမရှိအောင် pCloud ကနေတင်ပေးလိုက်ပါတယ် 


ချမ်းငြိမ်း-မှော်ဝန်း

0 comments:

Post a Comment

မင်္ဂလာပါ သူငယ်ချင်းတို့ပြောချင်သောအရာများရှိရင် မှတ်ချက်လေးရေးခဲ့ပေးပါ