
အထက်မှာ ဖော်ပြထားတဲ့ နမူနာ ပုံလေးကို ကြည့်ခြင်း အားဖြင့် အလွယ်တကူ သဘော ပေါက်မယ် ထင်ပါတယ်။
ကိုယ့်ရဲ့ camera ချိန်တဲ့ view သို့မဟုတ် photo မှာ အလျား လိုက်ရော ဒေါင်လိုက်ပါ အညီအမျှ သုံးပိုင်း ပိုင်းခြင်း အားဖြင့် မျဉ်းကြောင်း ၄ ကြောင်းနဲ့ ဆုံမှတ် ၄ ခု ရရှိနိုင် ပါတယ်။
ကိုယ် အဓိက ရိုက်ကူး ချင်တဲ့ subject ကို မျဉ်းကြောင်း ဆုံမှတ် (Intersection points) တွေမှာ ထားပြီး၊ သို့မဟုတ် အဲဒီ Intersection line လေးတွေတလျောက် ထားပြီး ဖမ်းယူ နိုင်ပါတယ်။ ပုံကို ပိုပြီးတော့ dynamic, balance, organized ဖြစ်စေ ပါတယ်။ အဓိက အနေနဲ့ကတော့ ပိုပြီး အသက်ဝင် လှုပ်ခတ်စေတဲ့ သဘောပေါ့။
အထက်ကပုံ - (၂) မှာ ဆိုရင် focal point ထားချင်တဲ့ ပန်းချီကားလေးကို intersection point နဲ့ line တလျှောက်ပါ ယူထားတာ တွေ့နိုင် ပါတယ်။

ပုံ -(၃) မှာဆိုရင် ပျားလေးရဲ့ မျက်လုံးကို intersection point ထားပြီး ဖမ်းထားခြင်း အားဖြင့် ပိုပြီးသဘာဝကို ပေါ်လွင်စေတာ တွေ့ရမှာပါ။
ပုံ - (၄) မှာတော့ အမျိုးသမီးကို intersection line တလျှောက် ထားပြီး ပုံရဲ့အနံ အတိုင်း အလယ် နီးပါးယူပြီး ရိုက်ထားတာ တွေ့ရမှာပါ။ ဒီလောက်ဆိုရင် စာဖတ်သူ အနေနဲ့ စမ်းသပ်ပြီး အတွေ့ အကြုံ ယူမယ်ဆိုရင် ဒီထက်ပိုပြီး အမျာကြီး အသုံးချနိုင်မှာပါ။

ဒီပုံ - (၅) မှာ ဆိုရင် မိုးကုတ် စက်ဝိုင်း horizontal မျဉ်းကို horizontal intersection line တလျှောက် ချထားတာ သတိထား မိမယ် ထင်ပါတယ်။ မမြင်ဘူး ဆိုရင် Intersection line ကို ကိုယ်တိုင် ဆွဲပြီး စမ်းသပ် ကြည့်ပါ။ အခုပြထားတဲ့ ပုံ - (၆) ကိုလည်း ကြည့်ပါဦး။ ကြည့်ပြီး ပြုံးမိ ပါလိမ့်မယ်။ တော်တော့်ကို Relax ဖြစ်နေတဲ့ အကောင်ပေါ့။
တခုတော့ပြောချင်ပါတယ်။ ပုံတိုင်းကိုပဲ ဒီ နည်းလမ်းသုံးမျိုးကို သုံးမှ ကောင်းမယ်လို့တော့မဆိုလိုပါ။ အခြေခံအနေနဲ့ စပြီး ချဉ်းကပ်ဖို့အတွက် အထောက်ကူပြုတာလို့ ပြောချင်ပါတယ်။ ကိုယ့်ရဲ့ subject ကို ပုံရဲ့ centre မှာထားပြီး ယူတာမျိုးလည်း ရှိပါတယ်။ အများအားဖြင့် object တခုကိုပဲ အဓိကထား ပေါ်လွင်စေချင်တဲ့နေရာမှာ အများကြီး အသုံးဝင်ပါတယ်။ static လို့ ပြောရင်လည်း ရပါတယ်။
The Irrawaddy's Blog by thae thae
0 comments:
Post a Comment
မင်္ဂလာပါ သူငယ်ချင်းတို့ပြောချင်သောအရာများရှိရင် မှတ်ချက်လေးရေးခဲ့ပေးပါ