FaceBook မှ သူငယ်ချင်း စရင်းဖျက်နည်း
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
၁။ ။ မိမိ ၏ အကောင့်ထဲကို အရင်ဝင်ပါ။
၂။ ။ အာသေဝနာစ ဗာလနံ သည် ၃၈ ဖြာမင်္ဂလာနှင့်ညီ၏ ထို့ကြောင့်မပေါင်းသင့်ဟုသင်ယူဆသော သူကို မိတ်ဆွေအဖြစ်မှရပ်စဲလိုပါက ရပ်စဲလိုသော သင့်မိဆွေ၏ Profile Page ကိုဖွင့်ဝင်ပါ။ သင့်ရဲ့ Profile Page ကိုမသွားတပ်ပါက ပုံမှာပြထားသော Friend Box
မှာ ကလစ်နှိပ်ဝင်ပါ။
၃။ ။ သင်မိတ်ဆွေမဖြစ်လိုတော့သော ထိုသူ၏အမည်ကိုရှာပါ ထိုသို့ရရှာရန် အထက်မှာအနီရောင်ဖြစ်ပြထားသောနေရာကနေ ဘလစ်နှိပ်ပြီးကြည့်နိုင်ပါတယ် အကယ်၍သင့်မိတ်ဆွေစရင်းမှာ အရန်းများနေပါကအောက်ပုံက အပြာရောက်ဘားတန်းရဲ့ Search Box မှာထိုသူ၏ အမည်ကိုရိုက်ထဲပြီးရှာပါ။ ဤသို့ရိုက်ထဲလိုက်ပါက အောက်ပါကဲ့သို့ သင့်မိတ်ဆွေ၏အမည် ပေါ်လာပါမည်။
၎။ ။ သင့်မိတ်ဆွေ၏ Profile Page ကိုအောက်ပါအတိုင်းမြင်တွေရမှာဖြစ်ပါတယ်။ ထိုသူ၏ အမည်နှင့်တစ်တန်းထဲမှာ Friend , Meaasge , Call စသဖြင့်သင်တွေ့ရမှာပါ၊ ထိုအထဲက Friend ပေါ်တွင် ကလစ်နှိပ်ရင် စာရွက်ငယ်လေးကျလာပါလိပ်မယ်၊
ထိုအထဲမှ Unfriend ကိုကလစ်နှိပ်လိုက်ပါ။
၅။ ။ Unfriend ကိုကလစ်နှိပ်နောက် အောက်မှာပြထားသောပုံလေးထဲက OK မှာကလစ်နှိပ်ပါ နရာကသင်သည် သင်၏မိတ်ဆွေကို သင့်ဘဝထဲမှ ထုပ်ပြစ်လိုက်ပါပြီ။ လူမိုက်နှင့် မပေါင်းဖေါ်ရခြင်းသည် မင်္ဂလာ တစ်ပါးဖြစ်သည်။
ဝင်လာသော Post များကို Block လုပ်နည်း။
၁။ ။ FaceBook ပေါ်မျာရှိနေတဲ့ နောက်ဆုံးရောက်လာတဲ့ သင့် မိတ်ဆွေများရဲ့ Post ကိုရှာပါ ညာဘက်ထောင့်နားလေးဆီက မျှားအနီရောင်နှင့်ပြထားသော Drop-Down Arrow လေးဆီကိုသွားပါ။ က။ ။ Drop-Down Arrow လေးမှကျလာသော Pop Up Menu လေးထဲမှ Hide ကိုရေးပေးပါ။
ခ။ ။ သင်လိုချင်သော Update ဖြစ်မဲ့အမျိုးစားကိုရွေးပါ မျှားအနီရောင်နှင့် အောက်ပုံမှာ ပြထားသည်။
ဂ။ ။ သင်မြင်တွေ့လိုသော အနေအထားများကို ရွေးယူပါ။
၂။ ။ စိတ်အနှောက်ရှက်ဖြစ်စေသော FaceBook မှ Game Post များကိုဖြောက်ထားနည်း
က။ ။ ညာဘက်အပေါ်ထောင့်နားက Drop-Down Menu ဆီသို့သွားပါ
ခ။ ။ Game Post များနောင်မမြင်ရလေအောင် မျှားအနီရောင်ဖြင့်ပြထားသော Stop Publishing Activity From TopFace ကိုရွေးပါ
၃။ ။ Timeline ကိုအသုံးပြုပြီး သင်မြင်တွေ့နေရသော Post များကို ထိမ်းချုပ်နည်း
က။ ။ သင့်မိတ်ဆွေ၏ Timeline ဆီသို့သွားပြီ မျှားအနီရောင်ဖြင့်ပြထားသော Friend မှာ ကလစ်နှိပ်ပါ
ခ။ ။ ကျလာသော Menu များထဲမှ သူတို့ပို့ဆောင်မှုများကို အဖွင့် အပိတ်လုပ်ရန် Show in News Feed ကိုရွေးပါ။
ဒီလောက်ဆို FaceBook ပေါ်ကသင့်စိတ်အနှောက်ရှက်ဖြစ်မဲ့ ပြဿနာ အချိုကို ဖြေရှင်းတန်သလောက် ဖြေရှင်းနိုင်ကောင်းမည်ထင်ပါသည်။ ဒီ Post ကို wikiHow မှ ဘာသာပြန်ဆိုထားသည်
Facebook မှာ Video Chat ကိုဘယ်လိုသုံးမလဲ Facebook မှာ Video Chat ထဲ့ဘို့ သင် FacebookVideoCallSetup_v1.2.199.0.exe ကဲ့သို့သော software မျိုးကို install လုပ်ရန်လိုပါတယ်။ ဒီ Post ကိုရေးစဉ်က version ဟာ ဒီလောက်ဘဲ ရှိသေးပေမဲ့ ခုသုံးနေကြတာက v1.205. ကိုကျော်နေပါပြီ။ Post ထဲမှာရေးထားတဲ့ software ကိုရှာတော့ virus ပါနေတာကိုတွေ့ရပါတယ်၊ သို့သော်လဲ သူမူမပျက်ရေးပေးလိုက်ပါတယ်။ ၁။ ။ ပထမဆုံး သင့်သူငယ်ချင်းမှာ Facebook Video Chat ရှိမရှိကို အရင်မေးပါ။ သင်စခေါ်တဲ့ အခါမှာ "Set Up Video Calling" မှာကလစ်နှိပ်ပါ။ ၂။ ။ Facebook ရဲ့ Video Call Plugin အတွက် Install လုပ်ရန်စတင်ပေးဘို့လိုပါတယ်။ ဒီအတွက် အောက်ပါလုပ်ဆောင်ချက်များကို အဆင့်အတိုင်း လိုက်နာလုပ်ဆောင်ပေးပါ။ Facebook ကနေပြီးတော့ File တစ်ခုကို Download လုပ်ပေးပါလိပ်မယ်။ ကျလာပြီးတဲ့ Download File ပေါ်မှာ Double ကလစ်နှိပ်ပေးပါ။ ဒါမှ မဟုတ်ရင်လဲ Facebook Browser ကနေဘဲသူဖာသာသူ install လုပ်ပေးသွားပါလိပ်မယ်။
၃။ ။ Install လုပ်ပြီးသွားတဲ့ အခါမှာ သင့်သူငယ်ချင်းကို ခေါ်ဘို့ပြည့်စုံသွား ပါပြီ။ သင်သူငယ်ချင်းကို သင်ခေါ်တဲ့အခါ ပြန်ပြောဘို့မှာထားပေါ့။ ခေါ်နေစဉ်အတွင်း နည်းငယ်စောင့်ရန်လိုအပ်ပါတယ်။
Facebook ကသင်ခေါ်တဲ့လူကို "Start Video Call" ကိုကလစ်နှိပ်ပြီးလက်ခံပေးဘို့ အသိပေးမှာဖြစ်ပါတယ်။
၎။ ။ သင့်ရဲ့နောက်ထပ် သူငယ်ချင်းတွေကို ခေါ်ချင်သေးလား! ခေါ်ချင်သေးရင် Chat Window ထဲမှာရှိထဲ Video ခလုပ်လေးကို ကလစ်နှိပ်ပေးပါ တကယ်လို သင့်မိတ်ဆွေက ပြန်မပြောဖြစ်ရင်လဲ သင် Video Message ပို့ပေးလို့ ရပါတယ် သူအဆင်ပြေတော့ကြည့်ပါလိပ်မယ်။
ကျနော် စင်္ကြာဝဠာ အနန္တ ရဲ့ကိုတိုင်ရေးလေးတွေပါ။ WikiHow မှ ဘာသာပြန်ထားတာပါ။

၁။ Facebook က သင့်အကြောင်း ဘယ်လောက် သိသလဲ သိချင်ပါသလား။ Home Menu ထဲက
Account Settings ကို ဝင်ပြီး Download a copy of your facebook data
ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင် Facebook က သင့်အကြောင်း ဘယ်လောက် သိသလဲ
ဆိုတာ ကြည့်နိုင်မှာပါ။
၂။ သင်ကတော့ သင့်ရဲ့ သတင်းထူးတွေနဲ့ ကိုယ်ရေးကိုယ်တာတွေကို တစ်ကမ္ဘာလုံးကို
ပြောချင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Facebook ကတော့ သင်တင်သမျှ
အကြောင်းအရာတွေကို လူအများ ကြည့်နိုင်တဲ့ Public အနေနဲ့ပဲ Setting မှာ
ထားပေးမှာပါ။ သင် များများတင်လေ၊ ပိုကြိုက်လေပေါ့။ လူအတော်များများက
Privacy Setting ကို ပြောင်းမှာ မဟုတ်ဘူးလို့ စဉ်းစားပြီးပေါ့။
၃။ သင့်သူငယ်ချင်းတွေ တင်သမျှအားလုံးကို သင်မြင်ရမှာ မဟုတ်သလို သင်တင်သမျှ
အရာတိုင်းကိုလည်း သင့်သူငယ်ချင်း လက်တစ်ဆုပ်ကသာ မြင်ရလိမ့်မယ်။ Facebook က
အသုံးပြုသူတွေကို အွန်လိုင်းမှာ ကြာကြာ ရှိစေချင်တဲ့အတွက် Like အများကြီး
ရထားတဲ့၊ အများဆုံး share ထားတဲ့၊ comment အများကြီး ရှိတဲ့ post တွေကို
သင်အရင်မြင်ရအောင် အပေါ်ကို ရွှေ့ပေးထားပါတယ်။
၎။ သင် Facebook ထဲကို ဝင်ထားတုန်းဆို ကျွန်တော်တို့က သင် ဘာလုပ်နေသလဲ
လိုက်ကြည့်ထားတယ်။ Facebook ရဲ့ Like ဒါမှမဟုတ် Share ခလုတ်ရှိတဲ့ Website
တွေကို သင်ဝင်ကြည့်တိုင်း Facebook က မှတ်တမ်းတင် သိမ်းဆည်းထားတယ်။
၅။ သင်တင်တဲ့ post တွေကို Public က ကြည့်လို့ရအောင် လုပ်ထားရင် လူတိုင်းက
သင် ဘယ်ရောက်နေသလဲ သိနိုင်ပါတယ်။ မတော်တဆများ သင့်အိမ်ကိုဝင်ဖို့
ချောင်းနေတဲ့ သူခိုးက သင်ခရီးသွားနေတာ သိသွားရင်တော့ …
၆။ ဘွဲ့ရတာတို့၊ စေ့စပ်တာတို့၊ လက်ထပ်တာတို့၊ ကလေးမွေးတာတို့လို
သတင်းထူးတွေ တင်ဦးမှာလား။ Facebook က သိပါလိမ့်မယ်။ သိရုံတင် မဟုတ်ဘဲ
သင့်သူငယ်ချင်းတွေ အွန်လိုင်းတက်ပြီး Facebook ထဲကို ဝင်လာတဲ့ အချိန်အထိ
မြင်ရအောင် တင်ထားပေးပါလိမ့်မယ်။
၇။ Facebook က သင့်အကြောင်း များများသိလေ၊ သင့်အတွက် အကျိုးရှိလေပါပဲ။ ဥပမာ
– သင်က Giordano တံဆိပ် ကြိုက်တယ်ဆိုရင် Facebook က Giordano မှာ
ဈေးဝယ်လို့ရတဲ့ ကူပွန်ကို သင်မြင်ရအောင် ပြပေးတဲ့အခါ သင့်အတွက်
အသုံးဝင်ပါလိမ့်မယ်။
၈။ သင် သတိတရရှိတဲ့ သူငယ်ချင်းတွေရဲ့ post တွေ သိပ်မတွေ့ဘဲ
သိပ်မသိတဲ့သူတွေဆီက post တွေပဲ များနေသလား။ သင်ရဲ့ newsfeed ကို Mostrecent
ကနေ Top News ကို ပြောင်းလိုက်ပါ။ ပြီးရင် သင်အမြဲ မြင်ချင်၊ တွေ့ချင်တဲ့
သူငယ်ချင်းတွေကို Closefriends ထဲကို ထည့်ပြီး၊ သင်မမြင်ချင်တဲ့
သူတွေဆိုရင်တော့ subscibe လုပ်ထားတာ ဖြုတ်လိုက်ပါ။
၉။ Facebook က နေရာလပ်တွေကို ကြော်ငြာကုမ္ပဏီတွေကို ရောင်းပါတယ်။
ကြော်ငြာကုမ္ပဏီတွေက သူတို့ ပစ်မှတ်ထားတဲ့ ဒေသ၊ လုပ်ငန်း၊ အသက်အရွယ်နဲ့ ပညာ
အဆင့် အတန်းတွေကို Facebook ကို ပြောပြတဲ့အခါ Facebook က အချက်အလက်တွေနဲ့
ကိုက်ညီသူတွေ ကြော်ငြာတွေကို မြင်ရအောင် ဆောင် ရွက်ပေးပါတယ်။
၁၀။ သင်တင်တဲ့ post ကို သင့်သူငယ်ချင်း အားလုံး မြင်ရအောင် လုပ်ချင်ပါသလား။
Post တစ်ခုအတွက် ခုနစ် ဒေါ်လာကနေ ဆယ်ဒေါ်လာလောက်ထိ ပေးရင်
သင့်သူငယ်ချင်းတိုင်းရဲ့ Top News မှာ သင်တင်ထားတဲ့ post ပေါ်အောင် Facebook
က လုပ်ပေးပါလိမ့်မယ်။
၁၁။ အသုံးပြုသူ တော်တော်များများက Timeline ကို သဘောမကျကြပါဘူး။ ဒါပေမဲ့
ဒါကို မကြာခင် ပြောင်းလဲမယ့် အလားအလာတော့လည်း မမြင်မိဘူး။ Timeline က
အသုံးပြုသူအချင်းချင်း ဝေမျှရာမှာ ထိရောက်ပြီး အမြင်ဆန်းပါတယ်။
ကုမ္ပဏီတွေကလဲ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို မြင်သာထင်သာ ကြော်ငြာလို့ရလို့
သဘောကျကြတယ်လေ။
၁၂။ သင်တင်တဲ့ post တွေကို သင့်မြို့က လူတွေပဲ၊ သင့်ကျောင်းက လူတွေပဲ၊
သင့်အလုပ်က လူတွေပဲ စသဖြင့် လူတစ်စုပဲ မြင်အောင် လုပ်လို့ရပါတယ်။ သင်တင်တဲ့
post ကို သင့်သူဌေးက လွဲပြီး ကျန်တဲ့သူအားလုံး မြင်အောင်လဲ လုပ်လို့
ရပါတယ်။ အဲဒါတွေ အကုန်လုံးကို status update box ရဲ့
ညာဘက်အောက်ထောင့်မှာရှိတဲ့ မြားခလုတ်မှာ ပြောင်းလို့ ရပါတယ်။
၁၃။ နောက်တတ်၊ ပြောင်တတ်တဲ့ သင့်လုပ်ဖော်ကိုင်ဖက်၊ ဒါမှမဟုတ်
သူငယ်ချင်းရှေ့မှာတော့ သင့် Facebook ကို မဖွင့်ထားမိပါစေနဲ့။
တစ်ယောက်ယောက်ကများ သင့် Facebook ပေါ်မှာ ပြောင်ချော်ချော် status တွေ
လျှောက်ရေးလို့ကတော့ သင့်ကို ကြောင်နေပြီလားလို့ ထင်သွားမှာပါပဲ။
၁၄။ သူငယ်ချင်း လက်ခံတာနဲ့ တခြား page တွေကို like လုပ်တဲ့အခါ သတိထားပါ။
သင်တွေ့သမျှသူတွေကို လက်ခံ၊ တွေ့သမျှ page ကို like လုပ်ထားရင်တော့
သင်စိတ်မဝင်စားတဲ့ အရာတွေလဲ အများကြီး သင်တွေ့နေရမှာပါ။ အဲဒီတော့
အချိန်ယူပြီး မမြင်ချင်တာတွေကို စစ်ထုတ်ပစ်ပါဦး။
၁၅။ Facebook Chat ထဲမှာ Offline လုပ်ပြီး သင် စကားမပြောချင်တဲ့
သူငယ်ချင်းတွေဆီကနေ ပုန်းနေလို့ရပါတယ်။ တကယ်လို့ သူငယ်ချင်း
တစ်ယောက်ယောက်နဲ့ပဲ စကားမပြောချင်ဘူး ဆိုရင်လည်း chat window ထဲက
သူ့နာမည်ကို နှိပ်၊ ညာဘက်ထိပ်မှာရှိတဲ့ icon မှာ သူ့တစ်ယောက်ထဲကိုပဲ
offline လုပ်ထားလို့ ရပါတယ်။
၁၆။ တချို့ အချက်အလက်တွေက Facebook ပေါ်မှာ ဖွက်ထားလို့ မရပါဘူး။ ဥပမာ –
သင့်နာမည်၊ သင့် profile မှာ တင်ထားတဲ့ ဓာတ်ပုံ၊ သင်က အမျိုးသားလား၊
အမျိုးသမီးလား ဆိုတာတွေပေါ့။ ဒီလို အချက်အလက်တွေကို လူတိုင်းက
ကြည့်နိုင်ပါတယ်။
၁၇။ သင် သဘောကျတဲ့ Facebook page တွေမှာ လူတွေ နည်းသွားတယ်လို့ ထင်မိလား။
အဲဒါ profile အတုတွေနဲ့ page အတုတွေကို Facebook က လိုက်ဖျက်သိမ်းနေလို့ပါ။
တစ်ခါတလေမှာ လူတစ်ယောက်ထဲကပဲ accountတွေ အများကြီးနဲ့ သုံးနေတတ်တယ်လေ။
Facebook ရဲ့ အဆိုအရကတော့ profile အတုတွေက ၈၃ မီလီယံတောင် ရှိတယ်တဲ့။
၁၈။ သုံးရတာ ပိုမြန်ချင်တယ် ဆိုရင်တော့ ဒီနည်းကို သုံးပါ။ သင့်ဖုန်းနဲ့
Facebook ကို log in မလုပ်ခင် Wifi network တစ်ခုခုနဲ့ ချိတ်ဆက်လိုက်ပါ။
၁၉။ သင် ကုမ္ပဏီတစ်ခုခုကို Like လုပ်တာပဲ ဖြစ်ဖြစ်၊
ကုန်ပစ္စည်းတစ်ခုအကြောင်းကို comment ပေးတာပဲဖြစ်ဖြစ် သတိထားပါ။
သင်ဘာလုပ်လိုက်သလဲ ဆိုတာ သင့်သူငယ်ချင်းတွေဆီမှာ ပေါ်ပါတယ်။ သင့်လုပ်ရပ်ကို
Facebook က ကြော်ငြာအနေနဲ့ အသုံးချကောင်း ချပါလိမ့်မယ်။
Credit to Smart Pro Journal
Facebook Chat မှာ Auto Reply ထားနည်း
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
Facebook သုံးတဲ့ သူငယ်ချင်းတွေအတွက်
ကိုယ်ကိုယ်တိုင် ကိုယ့်အကောင့်ကို ၀င်မသုံး
နေပေမယ့် ကိုယ့်ကို အမြဲတမ်း Online အဖြစ်
မြင်တွေ့နေစေပြီး ( ဆန္ဒရှိရင် Offline , Busy,
Away စသည့်ဖြင့်လည်း ထားနိုင်ပါတယ်)
Chat Box မှာ တစ်ယောက်ယောက်က message
ပို့လာတဲ့အခါ Auto Reply ပြန်အောင် လုပ်ထားနိုင်တဲ့
နည်းပညာလေးတစ်ခုပါ ...
ဒီနည်းလေးကို ကျွန်တော့်ရဲ့ အိုင်တီ မုဆိုး အကောင့်မှာ ၅ လကျော်လောက်
စမ်းသပ်ပြီး နောက်ဆက်တွဲ Error မရှိတာသေချာမှ တင်ပေးလိုက်တာပါ ..
(ဒါပေမယ့် Huawei U9200 မှာ ကောင်းကောင်းကြီး အလုပ်လုပ်တာကိုလည်း တွေ့ရပါတယ်)
တကယ်လို့ Auto Reply အတွက် Support မလုပ်နိုင်တဲ့ ဖုန်းအနိမ့်တွေမှာတောင်
Ever Online ဖြစ်အောင်တော့ လုပ်ပေးနိုင်တာကို တွေ့ရပါတယ် ..
မော်ဒယ် တော်တော်နိမ့်တဲ့ ဖုန်းတွေမှာတော့ Run လို့ကို မရပါဘူး ...
ကဲ .. စမ်းသပ်ချင်တယ်ဆိုရင် စ လိုက်ကြစို့
အရင်ဆုံး ဒီဆော့ဝဲ ကို အရင်ဒေါင်းယူပါ ..
ပြီးရင် ဖုန်းထဲမှာ Install လုပ်လိုက်ပါ ..
ပြီးရင် အင်တာနက်ချိတ်ဆက်ပြီး ဆော့ဝဲကို Run လိုက်ပါ ( လိုင်းနည်းနည်းကောင်းတဲ့အချိန်မှာ လုပ်ပါ)
အောက်ကပုံအတိုင်း ပွင့်လာပါမယ်
Log in ကို နှိပ်ပေးလိုက်ပါ .. Loading ခဏလောက်လုပ်ပြီးရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ်
ကိုယ့် Facebook အကောင့်ရဲ့ email နဲ့ Password ကို ထည့်ပြီး Log in ကို နှိပ်ပေးလိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..
အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..
OK ကို နှိပ်ပေးလိုက်ပါ ... တစ်ခါတစ်ခါ တခြား အဆင့်တွေဝင်လာတတ်ပါတယ် ..
အဲဒါဆိုရင်လည်း Agree, Allow , OK စတာတွေကို နှိပ်ပေးလိုက်ပါ
အောက်ကအဆင့်အတိုင်း ပွင့်လာပါမယ် ..
အဲဒါဆိုရင်လည်း Agree, Allow , OK စတာတွေကို နှိပ်ပေးလိုက်ပါ
အောက်ကအဆင့်အတိုင်း ပွင့်လာပါမယ် ..
ဒီအဆင့်ရောက်ပြီဆိုရင် .. ဖုန်းရဲ့ Menu ကီးကို နှိပ်လိုက်ပါ ..
ပွင့်လာတဲ့ထဲက Setting ကို နှိပ်ပါ ..
အောက်ကပုံအတိုင်း ပွင့်လာပါမယ် ...
အောက်ကပုံအတိုင်း ပွင့်လာပါမယ် ...
အဲဒီထဲက Push Settings ကို နှိပ်ပေးလိုက်ပါ ..
အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..
အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..
Auto Reply မှာ အမှန်ခြစ်လေးတပ်ပေးပြီး Message အကွက်ကို နှိပ်လိုက်ရင်
Auto Reply စာသားတွေကို ပြန်ပြင်လို့ရပါပြီ ..
ဒါဆိုရင်တော့ သူငယ်ချင်းတို့ရဲ့ Chat Box ကို တစ်ယောက်ယောက်က Message ပို့ခဲ့တာနဲ့ ..
သူငယ်ချင်းတို့ရဲ့ Auto Reply Message ဟာ အဲဒီသူငယ်ချင်းရဲ့ Chat Box ထဲကို ချက်ချင်း
ပြန်ပို့ပေးပါလိမ့်မယ် ...

ဘယ်လိုဒေါင်းရမလဲဗျ
ReplyDeleteဘယ်လိုဒေါင်းရမလဲဗျ
ReplyDelete