Monday, May 25, 2015

Facebook သူငယ်ချင်းများနဲ့ ဖုန်းပြောမယ် Hello – Facebook Dialer APK

Posted on 2:13 PM in ,


သင့်ရဲ့ Phone Contact ထဲမှာ မရှိတဲ့ ဖုန်းတစ်လုံးက သင့်ထံဖုန်းခေါ်ဆိုတဲ့အခါမှာ ဘယ်သူဖုန်းခေါ်ဆိုနေတယ်ဆိုတာ သင်မသိနိုင်ပါဘူး။ Facebook ရဲ့ Hello App က အဲဒီလူရဲ့ နာမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင် ၊ မွေးနေ့ စတဲ့ အဲဒီလူ Facebook မှာ Share လုပ်ထားတဲ့ သတင်းအချက်အလက်အားလုံးကို ပြသပေးနိုင်ပါတယ်။
Facebook ရဲ့ Hello က Dialer App တစ်ခုဖြစ်ပြီး သင့်ဖုန်းရဲ့ Dialer App နေရာမှာ အစားထိုးအလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သင့်ရဲ့ Dialer App ကို Facebook နဲ့ ချိတ်ဆက်လိုက်တာဖြစ်တဲ့ အတွက် Facebook မှ သူငယ်ချင်းတွေကို လွယ်ကူစွာ ရှာဖွေပြီး ဖုန်းခေါ်ဆိုနိုင်ခြင်း၊ စာပေးပို့နိုင်ခြင်းတို့ကို ပြုလုပ်နိုင်မှာပါ။
Facebook မှ ဖုန်းသရဲတွေက သင့်ထံ ဖုန်းခေါ်ဆိုမှာကိုလည်း စိတ်ပူစရာမလိုပါဘူး။ လူတော်တော်များများက Block လုပ်ထားတဲ့ ဖုန်းတွေကို Hello က ဖုန်းသရဲအဖြစ်သတ်မှတ်ပြီး ပိတ်ပင်ပေးထားမှာ ဖြစ်ပါတယ်။ သင်ကိုယ်တိုင်လည်း Block လုပ်နိုင်မှာပါ။ Hello နဲ့ Messenger တို့ကို ချိတ်ဆက်ထားတာ ဖြစ်တဲ့အတွက် Hello ကနေ ဖုန်းခေါ်တာ၊ စာပို့တာတို့ကို ပြုလုပ်နိုင်ပါတယ်။
Hello ရဲ့ စွမ်းဆောင်ချက်တစ်ခုက သင့်ရဲ့ Contacts တွေကို အမြဲ Update လုပ်ပေးနိုင်တာပါ။ အဲဒီအတွက် သူငယ်ချင်းတစ်ယောက်က Profile Picture ပြောင်းရင် Hello မှာလည်း အဲဒီ Profile Picture ကိုတွေ့ရမှာ ဖြစ်ပါတယ်။
Hello မှာ သူငယ်ချင်းများ သာမက တည်နေရာများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များပါ ရှာဖွေနိုင်ပြီး တည်နေရာညွှန်ပြခိုင်းတာ၊ Booking ပြုလုပ်တာတို့ကို ပြုလုပ်နိုင်ပါတယ်။ မရှိသေးတဲ့သူတွေ ယူနိုင်ပါတယ် 

0 comments:

Post a Comment

မင်္ဂလာပါ သူငယ်ချင်းတို့ပြောချင်သောအရာများရှိရင် မှတ်ချက်လေးရေးခဲ့ပေးပါ