ဒီဆော့ဝဲလေးကတော့ ဖုန်း၂လုံးစလုံး ၀ိုင်ဖိုင်ဖွင့်ထားပြီး တစ်လုံးက ကင်မရာကို နောက်တစ်လုံးနဲ့ကြည့်လို့ရတာလေးပါ။ cctv အသေးစားလေးပေါ့ဗျာ။ ဖုန်း အလုံးရေဘယ်လောက်နဲ့ပဲဖြစ်ဖြစ်အဆင်ပြေပါတယ် ဥပမာ ၁ လုံးက wifi hotspot လွင့်ပြီး ကျန်တဲ့ ၃ လုံးက ဖမ်းလိုက်ပြီး အဲဒီ ဖုန်း ၃ လုံးကို CCTV cameara အဖြစ် ကိုယ်ထားချင်တဲ့နေရာမှာထားပြီးတော့ ကျန်တဲ့ ၁ လုံးကနေ ဖုန်းသုံးလုံးက လှုပ်ရှားမှုမှန်သမျှကို ကြည့်လို့ရပါတယ်။ ဖုန်းအချင်းချင်း wifi ကွန်ယက်နဲ့ပဲဖြစ်ဖြစ် တစ်ခြားလွှင့်ထားတဲ့ wifi ကွန်ယက်တစ်ခုတည်းကို ချိတ်ပြီးတော့ဖြစ် သုံးနိုင်ပါတယ် internet မလိုပါ။ သုံးနည်းကလွယ်တော့ ပုံမပြတော့ဘူး။ အောက်မှာပေးထားတဲ့ဆော့ဝဲကိုဒေါင်းပြီး အသုံးပြုချင်တဲ့ ဖုန်းမှာတင်ပါ။ ပြီးရင် အဲ့ဆော့ဝဲကို တင်ထားတဲ့ဖုန်းတွေကိုဖွင့်ပြီး cctv အဖြစ်ထားချင်တဲ့အလုံးက camera ကိုနှိပ် ကြည့်ချင်းတဲ့ ဖုန်းက view ကိုနှိပ်လိုက်ရင် ချိတ်ထားတဲ့ဖုန်းနံပါတ်ပေါ်လာမယ်။ အဲ့ဖုန်းကိုနှိပ်လိုက်ရင် ကြည့်လို့ရပါပြီ။
ဆော့ဝဲနာမည်က WebOfCam ပါ။
internetကနေကြည့်လို့ ရလားခင်ဗျာ
ReplyDelete