နည်းပညာတစ်ရှိန်ထိုးတိုးတက်လျက်ရှိသော
ယနေ့ခေတ်တွင်နည်းပညာအသစ်ဆန်းမျိုးစုံက လူတို့လုပ်ဆောင်ရမည့်လုပ်ငန်းများကိုအချိန်တိုအတွင်း အတိကျဆုံး လုပ်ဆောင်လာနိုင်လျက်ရှိရာ ယခုတစ်ခါမှာလည်း PhotoMath App က သင့်ရဲ့ သင်္ချာအိမ်စာများကိုတွက်ချက်ပေးနိုင်တော့မည်ဟု သိရသည်။ ယခုကဲ့သို့ PhotoMath App ၏ သတင်းကြောင့် သင်္ချာအားနည်းသူများအတွက် သတင်းကောင်းဖြစ်လာခဲ့ပြီး Equation များကို အချိန်ကြာမြင့်စွာဖြေရှင်းနေရခြင်းမှ ကင်းဝေးစေတော့မည်ဖြစ်သည်။ စမတ်ဖုန်းသုံးစွဲနိုင်သူကျောင်းသားများအတွက် သင်္ချာပြဿနာများကို အကောင်းဆုံးဖြေရှင်းပေးမည့် PhotoMath App ကို လက်ရှိအချိန်တွင် iPhone များတွင် အသုံးပြုနိုင်ပြီး iOS App Store တွင် ဒေါင်းလုပ်ပြုလုပ်ကာ သင်္ချာ Equation များကို အကောင်းဆုံး ဖြေရှင်းနိုင်ပြီဖြစ်သည်။ အသုံးပြုရာတွင်လည်း မိမိတို့ဖြေရှင်းလိုသည့် သင်္ချာ Equation များကို ဖုန်းကင်မရာဖြင့် ရိုက်ကူးကာ PhotoMath App အတွင်းသို့ထည့်သွင်းပြီး အချိန်တိုအတွင်းဖြေရှင်းနိုင်မည်ဖြစ်သောကြောင့် သုံးစွဲသူများအကြိုက်တွေ့စေမှာဖြစ်ပါတယ်။ ဒါ့အပြင် PhotoMath App က Equation မှ တွက်ထုတ်ထားသည့် အဖြေမှန်များကိုသာ ပြသပေးမည်သာမက ဘယ်လိုပုံစံဖြင့် တွက်ချက်ပေးခဲ့သည်ကိုပါဖော်ပြပေးမည်ဖြစ်သည်အိမ်စာများကို ကျောင်းသားတယောက်နှင့်တယောက်အပြန်အလှန်ခိုးယူကာ ပြုလုပ်လာမည်ကိုစိုးရိမ်နေကြရသည့် ဆရာမများ အနေုဖြင့် ယခုအခါတွင်ကျောင်းသားများအနေဖြင့် သူတို့၏ စမတ်ဖုန်းများကို အသုံးပြုကာ အိမ်စာများကို ပြုလုပ်လာမည်လားဆိုသည်ကိုပါ
ထပ်ဆောင်းစိုးရိမ်စရာဖြစ်လာခဲ့ပြီဖြစ်သည်။

★Downloadဆွဲရန်လင့်ခ်(Iphone)★
IOS အတွက်
https://itunes.apple.com/us/app/photomath/id919087726IOS အတွက်
windows phone များအတွက်
Android phone အတွက်
ဒီမှာယူပါ Down Here for android
အဆင်ပြေပါစေ။
0 comments:
Post a Comment
မင်္ဂလာပါ သူငယ်ချင်းတို့ပြောချင်သောအရာများရှိရင် မှတ်ချက်လေးရေးခဲ့ပေးပါ